Tuesday, March 31, 2015

မိဘမေတ္တာ

စုစု မှာ ​အေး​အေး ဆိုတဲ့ အမ တ​ယောက်​နဲ့ ​မထား ဆိုတဲ့​​အေ​မေ တ​ယောက်​ရှိတယ်​ ။ သူ့ အ​မေမထား က မ​အေး ကို နားကပ်​ ​လေးဝယ်​​ပေးတယ်​ ။ အဲဒါကို စုစု ကသူ့ကို ဝယ်​မ​ပေးလို့
ဆိုပြီး ပူစာတာ​ပေါ့ ။ မိန်းခ​လေးဆို​တော့ လိုချင်​တာပဲ ​လေ ။ မထားက ပိုက်​ဆံက မ​လောက်​​​သေးလို့ ​နောင်​လ ကုန်​ကျ ဝယ်​​ပေးမယ်​လို့ ​ပြောထားတယ်​ ။ ​နောင်​လ ​ရောက်​​တော့် စီးပွား​ရေး ကအဆင်​မ​ပြေ​တော့ ဝယ်​မ​ပေးနိုင်​ဘူး​လေ
အဲဒါ စုစု က ဝယ်​မ​ပေးလို့ ဆိုပြီး အိမ်​​ပေါ်က
ဆင်းလာတယ်​ ။ အ​မေ နဲ့ အမ ကလိုက်​​ခေါ်တယ်​ ။ ဒါ​ပေမဲ့ စုစု မလိုက်​ခဲ့ဘူး ။
အဲဒါနဲ့ နှစ်​​တွေကြာလာ​တော့ စုစု ကအိမ်​လွမ်း
လာတာ​ပေါ့ ။ မိဘ ​လောက်​ဘယ်​သူမှ ​မ​ကောင်းတာကို ။ ဒါ​ပေမဲ့ သူမပြန်​ဘူး ဆိုပြီး
နေလာတယ်​ ။ တ​ဖြေး​ဖြေး အချိန်​​တွေ ​ပြောင်း
လာတာနဲ့ အမျှ အသက်​​တွေလည်း ကြီးလာတယ်​ ။ စုစု လည်း ​ယောင်္ကျား နဲ့ က​လေး​တွေလဲ ရှိလာပြီ​ပေါ့ ။

သူကိုယ်​တိုင်​ မိခင်​ ဖြစ်​မှ မိခင်​ ​မေတ္တာ ကို
နားလ်​လာတယ်​​လေလ ။ ဒါ​ပေမဲ့ သူမာနကို မ​လှော့ ​သေးဘူး ။ တ​နေ့ကျ သူ့အ​မေဆီ ကို ​ရောက်​သွားပါတယ်​ ​။ ဘာလို့လဲ ဆို​တော့
သူ့အ​မေ ဆုံးရှာပြီ​လေ ။ သူပြန်​လာ​တော့
သူ့အ​မေ အ​လောင်းပဲ မြငဲ မြင်​ရ​တော့တယ်​ ။
အဲဒီအချိန်​ကျ မှထငိုပါ​လေ​ရော ။ သူ့အ​မေ
ကို ငိုပြီး​တောင်းပန်​တာ​ပေါ့ ။ ဒါ​ပေမဲ့ ​သေပြီးသား သူကပြန်​မရှင်​​တော့ဘူး​လေ ။

ဇာတ်​လမ်းရဲ့ သင်​ခန်းစာက​တော့ တန်​ဖိုးမရှိတဲ့
စိန်​​ရွှေ ​ငွေ​တွေထက်​ တန်​ဖိုးကြီးမားလှတဲ့ မိဘသားစမေတ္တာ ကို မဆုံးရုံးပါ​စေနဲ့ ။
မိမိရဲ့ ​ဒေါသ ၊ ​မောဟကို အတက်​နိုင်​ ဆုံး
ထိန်းချုပ်​ကြပါ ။ ည်ီအကို ၊ ​မောင်​နှမတို့ ။်

Posted via Blogaway

Sunday, March 29, 2015

~~~မိပတောက်~~~

----------တစ်နှစ်တစ်ခါ ဖူးဖွင့်လာသည့်
ရွှေဝါပိတောက် မြက်ခြောက်မဟုတ်
သူ့ရုပ်သူ့သွင် သူ့ပင်ကိုဟန် သူ့သဏ္ဍာန်သည် မာန်စွယ်ကင်းပ စိုပြည်လှသည် ဖူးစပန်းငုံ ကဆုန်မကူး တန်းခူးလထဲ ဝေဆဲ မွှေးဆဲ လှပဆဲမို့ ထူးကဲမွန်မြတ် သင်္ကြန်ရက်တွင် ထွက်၍ပေါ်လာ ပိတောက်ဝါ
---------

မောင်ခွန်းချို
----------

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

မောင်စိန်ဝင်း(ပုတီးကုန်း)

Posted via Blogaway

Copyright @ 2013 dahatchauk.