Monday, November 2, 2015

သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ... 


သတိရလို့ ရေးတဲ့ ရောက်တတ်ရာရာ... 
..............................................................

သတိရတဲ့ စိတ်မှာ
ချစ်သူ့ ပုံရိပ်တို့
တိတ်တိတ်ကလေး ကပ်ငြိတွယ်...၊
လွဲဖယ်မရသော အစွဲအလမ်းများက
အမျှဉ်တတန်းတန်းအိမ်ဖွဲ့
ငါ....
ရုန်းထွက်ဖို့ခတ်နေပြိ ညီမလေးရေ...။

တစ်ခါတလေ....
သူအဆင်ပြေပါ့မလားအတွေးနဲ့
ဘယ်သူ့မှ မသိအောင် “ဆွေးတယ်”...၊
အဝေးကို မျှော်တတ်တဲ့ မျက်ဝန်းအစုံမှာ
သူလာလေမလား အတွေးနဲ့
ခဏခဏလည်း “ငေးတယ်”...။
တရေးနိုးတဲ့အခါတိုင်း
ယောင်ယောင်ခေါ်မိတဲ့ မင်းနာမည်
တိုင်တည်စရာမဲ့တဲ့ လက်ရှိဘ၀မှာ
ဒိုင်ယာယီလေးသာ ငါ့ရဲ့ အဖော်ပါ ။

သတိရရယ်လား...လို့
ဟန်ထူးလွင်ကို မေးလိုက်ချင်တဲ့ စိတ်အတွေးမှာ
( သိမ်ငယ်လွန်းစွာ )
ကိုယ့်ဘာသာ အဖြေထွက်
မင်းနဲ့ပက်သက်ရင်...
မျှော်လင့်ချက်ဆိုတာ
ငါနဲ့ မဆိုင်တဲ့ အရာပါ ညီမလေး ။

လူချင်းနိးဖို့ မလွယ်တဲ့
ခု အကွာအဝေးမှာ...
အဖြူရောင်အတွေးနဲ့ ပို့လိုက်တဲ့ မေတ္တာ
ညီမလေး ရောက်တဲ့နေရာတိုင်း သာယာပါစေ....

အရာရာအဆင်ပြေချင်းမှာ
နေသားတကျ ကျေနပ်
ညီမလေး ရပ်တဲ့ နေရာတိုင်း မြင့်ပါစေ...။

ပေးဆပ်ခြင်း သက်သက်နဲ့ ရေးလိုက်တဲ့ ဒီကဗျာ....
ညီမလေး ဖတ်ပြိးတဲ့အခါ...
ပျော်ပါစေ....။

အ​နော်​ရဲ့ကဗျာဘ​လော့​လေးသို့
လာ​ရောက်​လယ်​ပတ်​​သောမိတ်​​ဆွေများအား
ကျေးဇူးတင်​ရှိပါတယ်​ခင်​ဗျာ


Posted via Blogaway

Sunday, November 1, 2015

ကောင်မလေး အတွက်

ကောင်မလေး အတွက်

ချစ်တဲ့ ကောင်မလေးရေ....
ရွက်ကြွေတွေ အထပ်ထပ်နဲ့
မျက်ရည်စက်လက် လွမ်းတဲ့ နွေ
ရင်ထဲမှာ ရှည်လွန်းလိုက်တာကွယ်၊ ၊

ချစ်တဲ့ ကောင်မလေး ရေ...
နှလုံးသားရင်ခွင်တံတိုင်းက
မုန်တိုင်းကိုသာ ကြံ့ကြံ့ခံနိုင်ခဲ့တာပါ
မင်းနှုတ်ဖျားက စိမ်းကားတဲ့
လေပြေစကား ......
ခပ်ပါးပါး ထိရုံနဲ့ ပြိုကျသွားလိမ့်မယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
နင်လှည့်ပြန်သွားတဲ့ ည
ငါ့ညတွေ ခါးသီးလိုက်တာ
စံပင်ပင် ကိုင်းဖျားမှာ
ငါ့အမှားတွေ စုရုံး
ငါပဲ ကျဆုံးခဲ့ရတာပါ ကောင်မလေး ရယ်။ ။

ချစ်တဲ့ ကောင်မလေး ရေ.
အချိန်မလွန်သေးတဲ့ နောင်တ
ငါတို့ရဲ့ အတိတ်ကအမှောင်ညထဲမှာပဲ
ထားခဲ့ကြရအောင်ကွယ်.
ငါတို့နှစ်ယောက်ရဲ့ကြားမှာ
သံယောဇဉ်ဆိုတဲ့ တံတားလေး
လရောင် ဖွေးနေပါစေလား

အလွမ်းတလှည့် အနမ်းတလှည့်နဲ့
ချည်နှောင်ခဲ့တဲ့ ငါ့ရဲ့ သံယောဇဉ်
နင်မြင်ကြည့်လှည့်ပါ ကောင်မလေး ရယ်.

မျက်နှာလွှဲလို့ ထွက်သွားတော့မလား
နားလည်တတ်ရင် ပြန်ခဲ့ကွယ်.
ရင်ထဲမှာ အမြစ်တွယ်ခဲ့တဲ့သစ်ပင်
မင်း ရင်ခွင်ကို စောင့်နေမယ်.

ရှင်သန်ချိန်ဆိုတာ မသိသလို
ပြန်လာချိန်ဆိုတာလဲ မရှိဘူးကွယ်
ဝင်လာမယ်ဆိုရင် အလိုက်သင့်
ငါ့ရင်ကို တွန်းဖွင့်လိုက်ရုံပါ
ဒီဘ၀မှာ ....
ငါတွယ်တာခဲ့တာ
ကောင်းကင်ရဲ့ နတ်သမီး
ငါ့ရင်ထဲကို အလွမ်းမီးနဲ့လင်းစေတဲ့
လမင်း ဆိုတဲ့ နင်တစ်ယောက်ပေါ့ ကောင်မလေး ရယ်.

KoAung


Posted via Blogaway

Saturday, October 31, 2015

အသည်းကွဲ မိနစ်ကိုးဆယ် -

ဟော ...
ဒီတနေ့ပြီးတနေ့  ဖြတ်သန်းလာတဲ့
မနက်ဖြန်တွေဆီက ငါပြန်ရတာဆိုလို့
မနေ့ကထက် ဒီနေ့ကိုပိုစွဲလမ်းတတ်လာတာပါ ချစ်သူ ...။    ။

ကိုယ့်ဘာသာဆေးဆိုးထားရတဲ့ ဥပေက္ခာတရားမှာ
အိပ်ငွေ့ချထားတဲ့ အမှတ်တရက
တခါတလေတရေးနိုးနိုးလာတယ် ...။    ။

ခွင့်လွှတ်ပါချစ်သူ ... 
ကိုယ့်အလွမ်းနဲ့ကိုယ်အမှောင်ချထားတဲ့
ဟောဒီအခန်းထဲမှာ ...
ငါရယ် တခါတခါသွေးတိုးစမ်းချင်နေသေးတဲ့ငါတို့အတိတ်တွေရယ်
လုံးပါးပါးလာတဲ့ငါ့နှလုံးသားရယ်
မတည့်အတူနေကြတယ်လေ ...။     ။

မိနစ်ကိုးဆယ်မပြည့်သေးတဲ့ ဂိုးပြတ်အရှုံးမှာ
ပင်နယ်တီမျှော်လင့်မိတာငါ့အမှားလား
မနိုင်ဝန်ထမ်းထားရတဲ့ ချစ်ခြင်းတရားမှာ
မနက်ဖန်တိုင်းဟာ နာကျင်အချိန်ပိုတွေသာများခဲ့တယ်


Posted via Blogaway

အသည်းကွဲ ဂျလေဘီ အိမ်မက် . . .


အသည်းကွဲ ဂျလေဘီ အိမ်မက် . . .

မင်းလေးသာ ပျော်မယ်ဆိုရင်

ငါ့ဘ၀ အပါအ၀င် မင်းကို ပါ စွန့်လွတ်ရဲတယ်

ဒါဆို ကလေးရယ် မင်းသိပါတယ်

ကလေးကို ပိုင်ဆိုင်ချင်တာထက်

ကလေးကို  ပျော်စေချင်တာပါ

မင်းလေးသာပျော်မယ်ဆိုရင်

အရင်အတိတ် ပျော်ရွှင်ချိန်လေးတွေကို

ပြန်တွေးပူဆွေးကာမနေချင်ဘူး

ဘာလို့လည်းဆိုတော့

ပြန်တွေလိုက်ရင် ပျော်မြူးခဲ့ အရင်အချိန်လေးတွေ

ကုန်ဆုံးသွားမှာဆိုးလို့ပါ  ကလေးရာ

အစ်ကိုနဲ့ပတ်သတ်ပြီး

ကလေး မျက်ရည် မကျပါနဲ့တော့နော်

ဘာလို့လည်းဆိုတော့

ငါ့လို အစစအရာရာ မှာ မပြီးပြည့်စုံနိုင်တယ့်

သူရဲ့ရင်ခွင်မှာ ကလေး သာယာနေရင်

ကလေးရဲ့ လှပတယ့် အနာဂတ်လေးတွေ

ပျောက်ပျက် သွားမှာကို မလိုလားဘူး

ကလေးကို ဒီလိုပြောတာဟာလည်း

ကလေးကိုနှင်ထုတ်တာမဟုတ်ပါဘူး

ဒီဂျလေဘီရဲ့ရင်မှာ ချစ်တာကလွဲရင် ကလေးကို

ဘာမှမပေးနိုင်ခဲ့ဘူး

ဒါပေမယ့် ပေးခဲ့တယ့် အချစ်တွေကလည်း

ဖြူစင်နေဆဲပါ

ကလေး ဂျလေဘီရဲ့ အစစအရာရာမှာ

သာတယ့်သူကိုတွေ့မှာပါ

လိုချင်တာအရရင်လည်း ကလေးရဲ့

ဘဲဘဲကို အရင်ကလို စိတ်မကောက်ပါနဲ့နော်

ညံ့ဖျင်းတယ့်သူတစ်ယောက်ကို

ထားသွားဖို့အချိန်တန်နေပြီမို့

Bye ဆိုတယ့် စကားလေးနဲ့နှုတ်ဆက်မသွားပါနဲ့

ဘာလို့လည်း ဆိုတော့ ကလေးမမြင်နိုင်တယ့်

ဒီဂျလေဘီရဲ့ရင်ထဲကအချစ်တွေက

မျက်ရည်အဖြစ်ပြောင်းလဲပြီ

ကျလာတာကို ကလေး မြင်သွားရင်

ဝမ်းနည်းမှာဆိုးလို့ပါနော်

(ကလေးရဲ့ကိုကို  သို့   )


Posted via Blogaway

မင်းနဲ့ အဝေးဆုံး


မင်းနဲ့ အဝေးဆုံး

ငါ့ ရင် ခွင် က မင်း အတွက်
မွန်းကျပ်နေပြီလား
မင်းလွတ်လပ် တဲ့  ဘ၀မှာ နေပါ
ငါ သေတဲ့ အထိ
မင်းနဲ့ အဝေးဆုံးမှာ
နေသွားမယ်
ငါ က ချစ်တဲ့ သူပါ
အချစ်ခံရတဲ့  လူမဟုတ်ဘူး
မင်းနဲ့ ပါတ်သက်တာတွေကို
ငါဘာမှ မပြောင်းလဲ ဘူး
အဲ့ ဒါမင်းကို ချစ်လို့ 
ဒါပေမယ့် အဝေးဆုံးမှာ
ငါ့ရဲ့  ကဗျာ တွေကို အဖော်ပြု ပြီး တစ်သက်လုံး နေသွားမယ်


Posted via Blogaway

အသည်းကွဲ ဒီဇင်ဘာ

အသည်းကွဲ ဒီဇင်ဘာ

နှင်းတွေ..
...

နှင်းတွေ..
ရွှဲရွှဲစိုလို့...
ဒီဇင်ဘာ..ရေ..
မင်း... ငိုနေလား...
ရင်ဘတ် တခြမ်းရဲ့
အလွမ်း ဒိုင်ယာရီဟာ
မပီပြင်တော့တဲ့
အိပ်မက် အသေတွေနဲ့
ပေကျံစွန်းထင်းခဲ့...
ရင်တခုလုံး ရင်းခဲ့သမျှ အတွက်
ငါ့တယောက်ထဲ
ဆို့နင့် ကြေကွဲ...
ရက်ရက် စက်စက်
မင်း ခွဲခဲ့တဲ့ အသည်း..
နှင်းမျက်ရည်တွေ
ရွှဲရွှဲစို...
ဒီဇင်ဘာနဲ့ အတူ
ငါ 
ငို
နေ
တယ်
ချစ်သူ...

aung


Posted via Blogaway

နောက်ဆုံးအသည်းကွဲ ကဗျာ


နောက်ဆုံးအသည်းကွဲ ကဗျာ

အရေးမပါတဲ့
အဆွေးကဗျာတွေ
ရေးနေရတာ (မင်းကြောင့်)
ဝေးနေတဲ့အကြောင်း
တွေးနေရင်းနဲ့
မျက်ရည်ကျရတာ (မင်းကြောင့်)
စိတ်ကူး တစ္ဆေ ခြောက်လန့်လို့
ညည အိပ်မရတာ (မင်းကြောင့်)
တည်ငြိမ်တဲ့ နှလုံးခုန်သံ
ပုံမမှန်ဘဲ
ဗြောင်းဆန်ခဲ့တာ (မင်းကြောင့်)
အပြုံးပန်းဥယျာဉ်မှာ
အမုန်းပန်းလေးတစ်ပွင့် (မင်းအတွက်)
ငါ သွန်းပျိုးပေးလိုက်ပြီ. . .။
ညညဆို ငါမငိုတော့သလို. . .. . .
နင့်ကိုတွေ့ရင်လည်း ရင်မခုန်တော့ဘူး. . .။ . . . ။


Posted via Blogaway

Wednesday, June 17, 2015

နတ်သမီး

ချစ်ရသူလေးရေ………………
လော့ကကိုမြတ်ကွယ်ပြု
နင့်သာအနားမှာရှိနေရင်
'ငါအချိန်ကိုမလေးစာတတ်တော့ဘူး။
မနက်ပြန်ဆိုတာ
ငါအိပ်လိုက်မှရောက်လာတာသိတယ်
ချစ်ရသူလေးရေ
လော့ကမှငါအချစ်ရဆုံးလူသားအဖြစ်
နင့်ရက်တည်နေပါတယ်။
နင့်ဟာငါဘဝရဲ့
အလင်းရောင်တခုသယ်ဆောင်သူပေါ့
နူးညံညင်သာတဲ့အပြုံးလေးတွေနဲ့
ငါအိမ်မက်ကိုပျော်ဝင်စေပြီး
ချစ်ခြင်ရဲ့အလင်းရောင်ကို
မီးစထည့်ပေးတဲ့
နင်ဟာငါဘဝရဲ့
နတ်သမီးပါချစ်ရသူရယ်………………?။

Posted via Blogaway

Posted via Blogaway


Posted via Blogaway

Tuesday, June 16, 2015

အလွမ်းခန်း

အတိတ်နှစ်ခါလောက်အမှတ်ရနေအောင်
သတိရခြင်းတွေထက်မပေးပါနဲ့တော့
သောင်ပြင်အနေကြာရင်
လှမ်းထားတဲ့အဝတ်တောင်ခြောက်သေးတာပဲ
အလွမ်းဆိုတာ
ဆပ်ပြာဖူးဖောင်းလိုပါပဲ။
အမွှေနံ့လေရှိနေတာကလွဲရင်
ကုန်ဆုံးသွားတဲ့အချိန်လေးကို
ဘယ်သူကဂရုတစိုက်   ဘယ်သူကအမှတ်ရပေးမှာလဲ။
တချိန်ကျရင်  နင့်ငါ့ကိုမေ့ပျော်သွားမှာပါ 
ကောင်းမလေးရယ်။

ချစ်သူအတွက်အမှတ်တရလက်ဆောင်

Posted via Blogaway


Posted via Blogaway

ချစ်သူအတွက်ကဗျာ

သတိရစရာအခိုက်အတန့်
ကြည့်နူးစရာအဖြစ်က
နင့်နဲ့စကားပြောရတဲ့အခိုက်အတန့်လေးပါပဲ။
ပျော်စရာနေ့ရက်ကလေးတွေအဖြစ်
ငါရင်ထဲကို  ကပ္ပည်းထိုးထားပါတယ်။
ဝေကွာနေပေမဲ့  ငါသတိရခြင်းတွေကို
ပုံမှန်မီးစထဲနေပါတယ်ချစ်သူရယ်။
ခံစာချက်တွေကို   ပုံကြီးချဲပြောရင်
ငါရင်မှလွမ်းတဲ့စိတ်က
အိပ်စက်ခြင်းဟာ     နေခင်ဘက်ဖြစ်နေတယ်။
ချစ်သူရယ်………………
ရေတွက်မရတဲ့သောကတွေကို

ခါးစည်းခံဖူးပေမဲ့
သောကအမှောင်ကိုဖုံးပေမဲ့
အံဝှက်တခုဟာ
နင့်ပါပဲ   ချစ်သူရယ်။
နောက်တခုပြောရရင်
ကောင်းတာတခုက
အထိနာထားတဲ့နှလုံးသားကို
သွေတိတ်သွားအောင်  
နင့်ကျွမ်းကျွမ်းကြင်ကြင်တတ်မြောက်ထားတယ်
ထင်ပါတယ်  ။


Posted via Blogaway

Monday, June 15, 2015

လက်ထက်ခွင့်ပြုပါ

လျှော့စီပြီး မျှော့လို့မရတဲ့
ဘဝတခုလုံးကိုနပန်းလုံးဖို့
သောက.,ကလေးတွေကို
ဖတ်တွယ်ခွင်ပြုပါ။
ချိန်ခွင်လျှားလိုတော့
အလေးသာရာဘက်မလိုက်ဘူးဆိုရင်ပေါ့။
တောင်ဆိုခွင့်နည်းပါးချိန်မှာ
မျှော်လင့်ချက်လေးတွေကို
ဖက်တွယ်နေရတဲ့အဖြစ်
ငါဘက်မှာရှိနေတာ
တောက်လောင်းအားကောင်းတဲ့
မရေရာခြင်းတွေပါပဲ။
ဒါပေမဲ့……………………………
ရွှေမဖြစ်တဲ့မျှော်လင့်ချက်တွေနဲ့
ငါကူးခက်ခရီးမှာ
သောကဖော်လေးကိုတောင်ဆိုပါတယ်။
လက်ထက်ခွင်ပြုပါ။


Posted via Blogaway

Wednesday, April 8, 2015

ဆရာဇော်ဂျီ

ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ စွမ်းသနည်း။

စွမ်းသည်ချင်းရာ ၊ ဆိုသည်မှာကား
စာတွေ့သက်သက် ၊ စာမာန်တက်၍
စာထွက်များလျား ၊ စကားတွတ်တွတ်
ရွတ်တတ် အံ့ဘနန်း ၊ သည်အစွမ်းသည်
စွမ်းရည် မရိုး သူ့ ကိုယ်ကျိုး ။

စာတွေ့အသိ ၊ ကိုယ်တွေ့ညှိ၍
မှန်၏ကောင်း၏ ၊ ဉာဏ်ဖြင့်သိ၍
သတိထိန်းချုပ် ၊ စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင် ၊ ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပမ်း ၊ သည် အစွမ်းသည်
စွမ်းရည်မိုးထိုး ၊ အများကြိုး။


Posted via Blogaway

Friday, April 3, 2015

ချစ်သူသိပါစေ

နှလုံးသာနဲ့  ရင်ထားတဲ့  အချစ်တခုအတွက်
မျက်ရည်လေတော့  ရင်ရမှာပဲ
ကဗျာမဆန်တဲ့   ငါဒို့ဘဝအတွက်
နိစပ်ဖို့ကိုကြိုးစားရင်
ချစ်သူနဲ့ခဏဝေးနေချိန်မှာ
လွမ်းမျက်ရည်းတွေ ကျစမ်းပါစေ
နင်ပေးတဲ့အချစ်စစ်တခုနဲ့
နားကျင်စရာတွေ  ပြေပျောက်နေနိုင်သူမို့
နင့်နဲ့နီးစပ်မဲ့နေ့ကို
ဒီကောင်လေးစောင့်နေဘမယ်
ချစ်ရသူရယ်........


Posted via Blogaway

ချစ်သူသိပါစေ

နှလုံးသာနဲ့  ရင်ထားတဲ့  အချစ်တခုအတွက်
မျက်ရည်လေတော့  ရင်ရမှာပဲ
ကဗျာမဆန်တဲ့   ငါဒို့ဘဝအတွက်
နိစပ်ဖို့ကိုကြိုးစားရင်
ချစ်သူနဲ့ခဏဝေးနေချိန်မှာ
လွမ်းမျက်ရည်းတွေ ကျစမ်းပါစေ
နင်ပေးတဲ့အချစ်စစ်တခုနဲ့
နားကျင်စရာတွေ  ပြေပျောက်နေနိုင်သူမို့
နင့်နဲ့နီးစပ်မဲ့နေ့ကို
ဒီကောင်လေးစောင့်နေဘမယ်
ချစ်ရသူရယ်........


Posted via Blogaway

ချစ်သူရယ်

တကယ်တော့လေ......
အနမ်းချိုချို  အလွမ်းတွေပိုပြီး......
ချစ်ခြင်းတွေ  မအိုပါဘူး.....
ဘာဘာညာညာတန်ဆာဆင်ဖွဲ့နေတဲ့....
ငါ့ရဲ့မှော်လက်နဲ့  စိတ်အတတ်ပညာဟာ...
တကယ့်    တကယ် အပြင်ဘက်မှာတော့.....
ရင်ဘက်ဟောက်ပက်နဲ့.....
စိတ်ပျက်ဆရာကြီးရယ်ပါ....ကောင်မလေးရယ။်


Posted via Blogaway

ချစ်သူအတွက်လက်ဆောင်

နင့်ကို စတွေလိုက်တဲ့
အချိန်ကနေ  အခုအချိန်အထိပေါ့
နင့်ကို
ငါတစ်ယောက်တည်း  ပိုင်ဆိုင်ချင်တဲ့
သိမ်းပိုက်ချင်တဲ့
အတ္တကောင်တွေဟာလေ.....
ရေထဲက  ပုစွန်ဆိတ်လေးတွေလို
တဖျတ်ဖျတ်ခုန်နေလေရဲ့
ဘယ်သူတွေဘယ်လောက်ခွဲခွဲ
လက်တွဲမဖြတ်ကြေးနော်
မောင်လက်ကို  ရဲရဲဆုပ်ကိုင်ထား
ဝန်းရိုးစွန်းအဆုံးထိ   သွားကြတာပေါ့

နည်းပညာခရီးသည်မှာ  ချစ်ရပါသော
ချစ်သူကိုသိကဗျာလေးအား     ရေးစပ်
သီငုံလိုက်တယ်ခ်ခ်ခ်ခ်ခ်ခ်………………………………။


Posted via Blogaway

Thursday, April 2, 2015

ချစ်သူတွေရဲ့ကဗျာ(online & print) အချစ်ကဗျာများစုစည်း

ချစ်သူတွေရဲ့ကဗျာ(online & print) အချစ်ကဗျာများစုစည်း
ကျွန်တော်ဒို့onlineမှာကဗျာများကိုရသလောက်
စုဆောင်းထားပေးပါတယ်ဖက်လို့ပါကpdfလေးကို
အောက်ကလင့်မှာဒေါင်းယူလိုက်ပါခင်ဗျာ
အဆင်ပြေပါစေဗျာ

                DOWNLOAD 

လာရောက်လယ်ပတ်သောမိတ်ဆွေများအား
ကျေးဇူးတင်ပါတယ်ခင်ဗျာ


Posted via Blogaway

Wednesday, April 1, 2015

ကဗျာရေးချင် စာစပ်သင် - မင်းသုဝဏ်

ကဗျာရေးချင် စာစပ်သင် - မင်းသုဝဏ်
အရမ်းဖတ်လို့ကောင်းတဲ့စာအုပ်လေးပါ
ဗဟုသုတလဲရပါတယ်ဘယ်စာအုပ်မဆို
ဖတ်တတ်ရင်ကို့အတွက်အကျိုးရှိပါတယ်မိတ်ဆွေတို့
ဖတ်ရင်တော့အောက်ကlinkမှာဒေါင်းယူလိုက်ပါနော်

                 DOWNLOAD 

လာရောက်လယ်ပတ်သောမိတ်ဆွေများအားကျေးဇူး
တင်ကြောင်းပြောပါရစေခင်ဗျာ

အဆင်ပြေပါစေနော်။


Posted via Blogaway

Tuesday, March 31, 2015

မိဘမေတ္တာ

စုစု မှာ ​အေး​အေး ဆိုတဲ့ အမ တ​ယောက်​နဲ့ ​မထား ဆိုတဲ့​​အေ​မေ တ​ယောက်​ရှိတယ်​ ။ သူ့ အ​မေမထား က မ​အေး ကို နားကပ်​ ​လေးဝယ်​​ပေးတယ်​ ။ အဲဒါကို စုစု ကသူ့ကို ဝယ်​မ​ပေးလို့
ဆိုပြီး ပူစာတာ​ပေါ့ ။ မိန်းခ​လေးဆို​တော့ လိုချင်​တာပဲ ​လေ ။ မထားက ပိုက်​ဆံက မ​လောက်​​​သေးလို့ ​နောင်​လ ကုန်​ကျ ဝယ်​​ပေးမယ်​လို့ ​ပြောထားတယ်​ ။ ​နောင်​လ ​ရောက်​​တော့် စီးပွား​ရေး ကအဆင်​မ​ပြေ​တော့ ဝယ်​မ​ပေးနိုင်​ဘူး​လေ
အဲဒါ စုစု က ဝယ်​မ​ပေးလို့ ဆိုပြီး အိမ်​​ပေါ်က
ဆင်းလာတယ်​ ။ အ​မေ နဲ့ အမ ကလိုက်​​ခေါ်တယ်​ ။ ဒါ​ပေမဲ့ စုစု မလိုက်​ခဲ့ဘူး ။
အဲဒါနဲ့ နှစ်​​တွေကြာလာ​တော့ စုစု ကအိမ်​လွမ်း
လာတာ​ပေါ့ ။ မိဘ ​လောက်​ဘယ်​သူမှ ​မ​ကောင်းတာကို ။ ဒါ​ပေမဲ့ သူမပြန်​ဘူး ဆိုပြီး
နေလာတယ်​ ။ တ​ဖြေး​ဖြေး အချိန်​​တွေ ​ပြောင်း
လာတာနဲ့ အမျှ အသက်​​တွေလည်း ကြီးလာတယ်​ ။ စုစု လည်း ​ယောင်္ကျား နဲ့ က​လေး​တွေလဲ ရှိလာပြီ​ပေါ့ ။

သူကိုယ်​တိုင်​ မိခင်​ ဖြစ်​မှ မိခင်​ ​မေတ္တာ ကို
နားလ်​လာတယ်​​လေလ ။ ဒါ​ပေမဲ့ သူမာနကို မ​လှော့ ​သေးဘူး ။ တ​နေ့ကျ သူ့အ​မေဆီ ကို ​ရောက်​သွားပါတယ်​ ​။ ဘာလို့လဲ ဆို​တော့
သူ့အ​မေ ဆုံးရှာပြီ​လေ ။ သူပြန်​လာ​တော့
သူ့အ​မေ အ​လောင်းပဲ မြငဲ မြင်​ရ​တော့တယ်​ ။
အဲဒီအချိန်​ကျ မှထငိုပါ​လေ​ရော ။ သူ့အ​မေ
ကို ငိုပြီး​တောင်းပန်​တာ​ပေါ့ ။ ဒါ​ပေမဲ့ ​သေပြီးသား သူကပြန်​မရှင်​​တော့ဘူး​လေ ။

ဇာတ်​လမ်းရဲ့ သင်​ခန်းစာက​တော့ တန်​ဖိုးမရှိတဲ့
စိန်​​ရွှေ ​ငွေ​တွေထက်​ တန်​ဖိုးကြီးမားလှတဲ့ မိဘသားစမေတ္တာ ကို မဆုံးရုံးပါ​စေနဲ့ ။
မိမိရဲ့ ​ဒေါသ ၊ ​မောဟကို အတက်​နိုင်​ ဆုံး
ထိန်းချုပ်​ကြပါ ။ ည်ီအကို ၊ ​မောင်​နှမတို့ ။်


Posted via Blogaway

Sunday, March 29, 2015

~~~မိပတောက်~~~




----------တစ်နှစ်တစ်ခါ ဖူးဖွင့်လာသည့်
ရွှေဝါပိတောက် မြက်ခြောက်မဟုတ်
သူ့ရုပ်သူ့သွင် သူ့ပင်ကိုဟန် သူ့သဏ္ဍာန်သည် မာန်စွယ်ကင်းပ စိုပြည်လှသည် ဖူးစပန်းငုံ ကဆုန်မကူး တန်းခူးလထဲ ဝေဆဲ မွှေးဆဲ လှပဆဲမို့ ထူးကဲမွန်မြတ် သင်္ကြန်ရက်တွင် ထွက်၍ပေါ်လာ ပိတောက်ဝါ
---------

မောင်ခွန်းချို
----------


Posted via Blogaway

~~~မိပတောက်~~~




----------တစ်နှစ်တစ်ခါ ဖူးဖွင့်လာသည့်
ရွှေဝါပိတောက် မြက်ခြောက်မဟုတ်
သူ့ရုပ်သူ့သွင် သူ့ပင်ကိုဟန် သူ့သဏ္ဍာန်သည် မာန်စွယ်ကင်းပ စိုပြည်လှသည် ဖူးစပန်းငုံ ကဆုန်မကူး တန်းခူးလထဲ ဝေဆဲ မွှေးဆဲ လှပဆဲမို့ ထူးကဲမွန်မြတ် သင်္ကြန်ရက်တွင် ထွက်၍ပေါ်လာ ပိတောက်ဝါ
---------

မောင်ခွန်းချို
----------


Posted via Blogaway

~~~မိပတောက်~~~




----------တစ်နှစ်တစ်ခါ ဖူးဖွင့်လာသည့်
ရွှေဝါပိတောက် မြက်ခြောက်မဟုတ်
သူ့ရုပ်သူ့သွင် သူ့ပင်ကိုဟန် သူ့သဏ္ဍာန်သည် မာန်စွယ်ကင်းပ စိုပြည်လှသည် ဖူးစပန်းငုံ ကဆုန်မကူး တန်းခူးလထဲ ဝေဆဲ မွှေးဆဲ လှပဆဲမို့ ထူးကဲမွန်မြတ် သင်္ကြန်ရက်တွင် ထွက်၍ပေါ်လာ ပိတောက်ဝါ
---------

မောင်ခွန်းချို
----------


Posted via Blogaway

~~~မိပတောက်~~~




----------တစ်နှစ်တစ်ခါ ဖူးဖွင့်လာသည့်
ရွှေဝါပိတောက် မြက်ခြောက်မဟုတ်
သူ့ရုပ်သူ့သွင် သူ့ပင်ကိုဟန် သူ့သဏ္ဍာန်သည် မာန်စွယ်ကင်းပ စိုပြည်လှသည် ဖူးစပန်းငုံ ကဆုန်မကူး တန်းခူးလထဲ ဝေဆဲ မွှေးဆဲ လှပဆဲမို့ ထူးကဲမွန်မြတ် သင်္ကြန်ရက်တွင် ထွက်၍ပေါ်လာ ပိတောက်ဝါ
---------

မောင်ခွန်းချို
----------


Posted via Blogaway

တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။

မောင်စိန်ဝင်း(ပုတီးကုန်း)


Posted via Blogaway

Tuesday, February 10, 2015

သားဦးဝေဒနာ

သားဦးဝေဒနာ
=========

ချစ်ပြီးဆိုတော________
တဲအိုမှာလဲ(လည်း)|အနေရဲတယ်
လက်တွဲကျစို့|နှစ်ကို့တစိတ်
အံကိုကြိတ်လို့|ဖြေသိပ်ရောင့်ရဲနိုင်ခဲသည်။
မဝတဝ|မျှတခွဲဝေ|စေတနာပို
သူကိုကိုယ့်ကြည့်|ကိုယ့်ကိုသူကြည့်နှင့်
ရှိသမျှရောင်ရဲ|ရင်ထဲရွှင်ပျ|ပန်းသမျှလဲ
စမ်းကျရေနယ်အေးလေသည်။
ဒုက္ခခရီသည်…………………
မညည်းညူ မိ/မရှိအတူ
နေပူမိုးရွှာ/ဖြတ်သန်းလားကြ
ဘဝတဆစ်/အလှသစ်တိုး
ရင်နှစ်ကိုယ်စာ/သားဦးဖွားချိန်
စားဝတ်နေရေး/ကလေးအနာဂတh်
မတွေးတတ်တော/သုံးကျပ်ရှစ်ဆယ်ငါး
နေစားလုပ်ခ/အားမ မခံ
ဆံဈေးဆီးဈေး/ဘာဈေးညာဈေး
တွေရင်း  ရင်မော/သောကဝန်းထုပ်
စိုးရိမ်ရုပ်ဖြစ်……………
တုန်လုပ်ချောက်ချားရပြန်သည်။

Posted via Blogaway


Posted via Blogaway

Wednesday, January 28, 2015

မမုန်းရက် ဆုံးသက်ပါခင်

မုန်းပါမေ..........
ပြုံးကာလေ    နေမယ်ပါ့
ကြင်နာစ   ဟိုအချိန်တွေကို
တမ်းတတ   လိုခြင်ပေမယ့်
မကြင်နာ   တမင်ကာခွလြေတော့
ရင်ကွဲကာ     လွမ်းကျန်ရစ်မှာ
မှန်းဆလို့     တမ်းတပေါ့အတည်
မင်းဘယ်ဆီ    အရောက်သွားပေမယ့်
ခိုနားခဲ့     ငါ့ရင်ခွင်နန်းကိုဖြင့်
ပန်းလို့ဖြင့်      ဖြစ်စေ
မောလို့ဖြင့်     ဖြစ်စေ
စိတ်အလိုမကျ   ဖြစ်နေခါတွေများမှာ
တခဏတာ          လှမ်းလာလို့
နားခိုဖို့    ထွေးကြိုပါ့မယ်
မုန်းလျှက်   စွန့်ထွက်သွားသူကို
မမုန်းရက်    ဆုံးသက်သို့တိုင်
ပြုံးလျှက်    ဆီးကြိုပါ့မယ်
မုန်းရက်သူ    ခင်ရယ်..................။

သည်ကဗျာလေးကိုတော့  မုန်းလျှက် စွန့်ထွက်သွားတဲ့ ချစ်သူတစ်ယောက်အပေါ်
သိပ်ချစ်ပြီး တမ်းတတ ကျန်နေပြီး  တခဏတာ ရင်ခွင်မှာ  နားခိုဖို့တောင်
ငေးမျှော်ရင်းစောင့်နေမဲ့  သစ္စာရှင် ချစ်သူကောင်လေးတစ်ယောက်အတွက်
မှန်းဆလို့ သီကျူး ခဲ့ပါတယ်...ေိေိ..

Posted via Blogaway


Posted via Blogaway

Tuesday, January 27, 2015

လိုင်ပေါ်က…ချစ်……သူ

ချစ်သူ…………………
           ငါ့မင်းကို   ချစ်တယ်လို့ပြောခဲ့တာ
           လိုင်ပေါ်မှာပါ………………ချစ်သူ
           ငါလွမ်းတယ် လိုပြောခဲ့တာလဲ
           လိုင်ပေါ်မှာပါ………………ချစ်သူ
ဒါပေမဲ့……ငါ့……မင်းကိုချစ်ခဲ့တာတွေ
           လွမ်းခဲ့တာတွေအားလုံးကတော့
           ငါ့နှစ်လုံးသာကဖြစ်ပေါ်လာတဲ့
           ခံစာချက်တွေပါ……………ချစ်သူ
           မမြင်ရသေးတယ်မင်းအချစ်တွေကို
           ရူးသွပ်စွာချစ်ခဲ့မိတာ……ငါပါ
           ဘာမန်မသိသေးတဲ့အချစ်တခုကို
          ဖန်ဆင်ခဲ့ရတာလဲ  ငါလုံးသာက
          တောင်ဆိုခြင်းရဲ့ ရလဒ်တခုပါ
          လိုင်ပေါ်မှာ ချစ်ခဲ့ကြပေမဲ့
           ငါ့နှစ်လုံးသားကိုတော့မကစားပါနဲ့
                        
           ချစ်……သူ………ရယ်……………။
         

Posted via Blogaway


Posted via Blogaway

myanmar MP3 Download

မင်္ဂလာပါ
မြန်မာသီချင်းတွေကို
ဒေါင်းလော့ဆွဲရန်အဆင်ပြေဆုံapk
လေးတခုဖြစ်ပါတယ်
တိုက်ရိုက်နားဆင်လို့လဲရပါတယ်
ဒေါင်းဆွဲရာမှာမြန်စံပါတယ်
အသုံပြုပုံကတော့ပုံကိုသာကြည့်ပြီး
အသုံးပြုပါခင်ဗျာ
လိုအပ်ပါကအောက်မှာယူပါ

      Download
       
          (or)
    
     Download 

လာရောက်လယ်ပတ်ကျသောမိတ်ဆွေများ
အားအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျွန်တော်ရဲ့(အလွမ်းကဗျာများစုစီမူ)
သို့ဆက်လက်လယ်ပတ်လိုပါက
             (   ဒီမှာ )သွားပါခင်ဗျာ


Posted via Blogaway

Sunday, January 25, 2015

မမျှောစေနဲ့ ညီမလေး

ရင်ဖော်လို့    တင်လှပ်
ခေတ်ကိုယှဉ်ရပ်သတဲ့လား
မိန်မမြတ်မဖြစ်ရင်နေ
°ထိန်° တတ်ပါစေ_________။

နံမည်တလုံးအတွက်
ချရေးလိုက်တဲ`အရှက်´
သိက္ခာမဲ့မရိုသေ
မိဘအတွက်ငဲ့ပါလေ_________။

မေပျိုတို့ရဲ့အနာဂတ်
ကူစက်မကွဲ   အညှီဓာတ်
ပုရိသတို့ရဲ့   ပြစ်မှတ်တံထွေး
မင်းမမျှောစေနဲ့   ညီမလေး_______။

ခင်လေးစံပယ်


Posted via Blogaway

Saturday, January 24, 2015

ပေဆပ်ခြင်း

အချစ်ဆိုတာ
ရယူလိုခြင်း
မဟုတ်ပါ
ပေဆပ်ချင်သာ
ဖြစ်ပါတယ်
မေတ္တာအတိန်အနက်
အသိခက်တဲ့
မင်းလေတယောက်
မဖြစ်စေချင်ဘူး။
မေတ္တာဆိုတာ
ဘဝတခုလုံး
ပေးဆပ်ချင်သာ
ဖြစ်ပေတယ်။

(မျိုမြင့်သိန်း)

ကွန်ပျူတာများအတွက်သီသန်း
apkအလိုရှိတယ်ပါက
 ဒီမှာသွားပါ 

   ဘုန်းကြီးကျောင်းသား

Posted via Blogaway


Posted via Blogaway

 

Copyright @ 2013 dahatchauk.