ငါ့ညီပြောင်ဝင်း ၊ မောင်သစ်ဆင်း
မင်း၏သားငယ် ၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ စွမ်းသနည်း။
စွမ်းသည်ချင်းရာ ၊ ဆိုသည်မှာကား
စာတွေ့သက်သက် ၊ စာမာန်တက်၍
စာထွက်များလျား ၊ စကားတွတ်တွတ်
ရွတ်တတ် အံ့ဘနန်း ၊ သည်အစွမ်းသည်
စွမ်းရည် မရိုး သူ့ ကိုယ်ကျိုး ။
စာတွေ့အသိ ၊ ကိုယ်တွေ့ညှိ၍
မှန်၏ကောင်း၏ ၊ ဉာဏ်ဖြင့်သိ၍
သတိထိန်းချုပ် ၊ စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင် ၊ ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပမ်း ၊ သည် အစွမ်းသည်
စွမ်းရည်မိုးထိုး ၊ အများကြိုး။
Posted via Blogaway
0 comments:
Post a Comment