Wednesday, January 28, 2015

မမုန်းရက် ဆုံးသက်ပါခင်

မုန်းပါမေ..........
ပြုံးကာလေ    နေမယ်ပါ့
ကြင်နာစ   ဟိုအချိန်တွေကို
တမ်းတတ   လိုခြင်ပေမယ့်
မကြင်နာ   တမင်ကာခွလြေတော့
ရင်ကွဲကာ     လွမ်းကျန်ရစ်မှာ
မှန်းဆလို့     တမ်းတပေါ့အတည်
မင်းဘယ်ဆီ    အရောက်သွားပေမယ့်
ခိုနားခဲ့     ငါ့ရင်ခွင်နန်းကိုဖြင့်
ပန်းလို့ဖြင့်      ဖြစ်စေ
မောလို့ဖြင့်     ဖြစ်စေ
စိတ်အလိုမကျ   ဖြစ်နေခါတွေများမှာ
တခဏတာ          လှမ်းလာလို့
နားခိုဖို့    ထွေးကြိုပါ့မယ်
မုန်းလျှက်   စွန့်ထွက်သွားသူကို
မမုန်းရက်    ဆုံးသက်သို့တိုင်
ပြုံးလျှက်    ဆီးကြိုပါ့မယ်
မုန်းရက်သူ    ခင်ရယ်..................။

သည်ကဗျာလေးကိုတော့  မုန်းလျှက် စွန့်ထွက်သွားတဲ့ ချစ်သူတစ်ယောက်အပေါ်
သိပ်ချစ်ပြီး တမ်းတတ ကျန်နေပြီး  တခဏတာ ရင်ခွင်မှာ  နားခိုဖို့တောင်
ငေးမျှော်ရင်းစောင့်နေမဲ့  သစ္စာရှင် ချစ်သူကောင်လေးတစ်ယောက်အတွက်
မှန်းဆလို့ သီကျူး ခဲ့ပါတယ်...ေိေိ..

Posted via Blogaway


Posted via Blogaway

Tuesday, January 27, 2015

လိုင်ပေါ်က…ချစ်……သူ

ချစ်သူ…………………
           ငါ့မင်းကို   ချစ်တယ်လို့ပြောခဲ့တာ
           လိုင်ပေါ်မှာပါ………………ချစ်သူ
           ငါလွမ်းတယ် လိုပြောခဲ့တာလဲ
           လိုင်ပေါ်မှာပါ………………ချစ်သူ
ဒါပေမဲ့……ငါ့……မင်းကိုချစ်ခဲ့တာတွေ
           လွမ်းခဲ့တာတွေအားလုံးကတော့
           ငါ့နှစ်လုံးသာကဖြစ်ပေါ်လာတဲ့
           ခံစာချက်တွေပါ……………ချစ်သူ
           မမြင်ရသေးတယ်မင်းအချစ်တွေကို
           ရူးသွပ်စွာချစ်ခဲ့မိတာ……ငါပါ
           ဘာမန်မသိသေးတဲ့အချစ်တခုကို
          ဖန်ဆင်ခဲ့ရတာလဲ  ငါလုံးသာက
          တောင်ဆိုခြင်းရဲ့ ရလဒ်တခုပါ
          လိုင်ပေါ်မှာ ချစ်ခဲ့ကြပေမဲ့
           ငါ့နှစ်လုံးသားကိုတော့မကစားပါနဲ့
                        
           ချစ်……သူ………ရယ်……………။
         

Posted via Blogaway


Posted via Blogaway

myanmar MP3 Download

မင်္ဂလာပါ
မြန်မာသီချင်းတွေကို
ဒေါင်းလော့ဆွဲရန်အဆင်ပြေဆုံapk
လေးတခုဖြစ်ပါတယ်
တိုက်ရိုက်နားဆင်လို့လဲရပါတယ်
ဒေါင်းဆွဲရာမှာမြန်စံပါတယ်
အသုံပြုပုံကတော့ပုံကိုသာကြည့်ပြီး
အသုံးပြုပါခင်ဗျာ
လိုအပ်ပါကအောက်မှာယူပါ

      Download
       
          (or)
    
     Download 

လာရောက်လယ်ပတ်ကျသောမိတ်ဆွေများ
အားအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျွန်တော်ရဲ့(အလွမ်းကဗျာများစုစီမူ)
သို့ဆက်လက်လယ်ပတ်လိုပါက
             (   ဒီမှာ )သွားပါခင်ဗျာ


Posted via Blogaway

Sunday, January 25, 2015

မမျှောစေနဲ့ ညီမလေး

ရင်ဖော်လို့    တင်လှပ်
ခေတ်ကိုယှဉ်ရပ်သတဲ့လား
မိန်မမြတ်မဖြစ်ရင်နေ
°ထိန်° တတ်ပါစေ_________။

နံမည်တလုံးအတွက်
ချရေးလိုက်တဲ`အရှက်´
သိက္ခာမဲ့မရိုသေ
မိဘအတွက်ငဲ့ပါလေ_________။

မေပျိုတို့ရဲ့အနာဂတ်
ကူစက်မကွဲ   အညှီဓာတ်
ပုရိသတို့ရဲ့   ပြစ်မှတ်တံထွေး
မင်းမမျှောစေနဲ့   ညီမလေး_______။

ခင်လေးစံပယ်


Posted via Blogaway

Saturday, January 24, 2015

ပေဆပ်ခြင်း

အချစ်ဆိုတာ
ရယူလိုခြင်း
မဟုတ်ပါ
ပေဆပ်ချင်သာ
ဖြစ်ပါတယ်
မေတ္တာအတိန်အနက်
အသိခက်တဲ့
မင်းလေတယောက်
မဖြစ်စေချင်ဘူး။
မေတ္တာဆိုတာ
ဘဝတခုလုံး
ပေးဆပ်ချင်သာ
ဖြစ်ပေတယ်။

(မျိုမြင့်သိန်း)

ကွန်ပျူတာများအတွက်သီသန်း
apkအလိုရှိတယ်ပါက
 ဒီမှာသွားပါ 

   ဘုန်းကြီးကျောင်းသား

Posted via Blogaway


Posted via Blogaway

mgzinmyo: မိခင် နေမကောင်း၍ ဆေးဝယ် သွားစဉ် သားမယားပြုကျင့်ခံရ...

mgzinmyo: မိခင် နေမကောင်း၍ aaa

ဒီပဲယင်းမြို့နယ်၊ မြင်းတန့် ကျေးရွာတွင် မိခင်ဖြစ်သူ နေမကောင်း၍ သမီးဖြစ်သူမှ ဆေးဝယ် သွားစဉ် တစ်ရွာတည်းနေသူမှ သားမယား အဖြစ် ပြုကျင့်ခံ ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဒီပဲယင်းမြို့နယ် မြင်းတန့် ကျေးရွာ၌ မ......(၂၂) နှစ်သည် မိခင် ဖြစ်သူ နေမကောင်းသည့် အတွက် ဆေးဆိုင်သို့ တစ်ဦးတည်း သွားကာ ဆေးဝယ်ခဲ့ပြီး အပြန်တွင် တစ်ရွာတည်းနေ မောင်...... (၂၁) နှစ်မှ အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားမြှောင်ဖြင့် ထောက်ကာ အနီးရှိ စပါးကျီတိုက် ထဲသို့ ခေါ်သွားကာ သားမယား အဖြစ် ပြုကျင့် ခဲ့ကြောင်း သိရပြီး မိခင် ဖြစ်သူ နေမကောင်း သဖြင့် မည်သူမျှ ပြန်မပြောခဲ့ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။

ယင်းသို့ သားမယား အဖြစ်ပြုကျင့် ခံရ ပြီး ယခုလ (၁၉) ရက်နေ့တွင် မ....(၂၂) နှစ်မှာ ကိုယ်ဝန်ရှိ လာပြီး မိခင်အား ဖွင့်ပြောခဲ့ရာ လူမှုရေး အရ မောင်...... မိဘများထံ သွာ ရောက် ညှိနှိုင်းခဲ့ သော်လည်း ပြေလည်မှု မရသဖြင့် ပြုကျင့်ခံရ သူမှ တရားလိုပြုကာ ဒီပဲယင်းမြို့မ ရဲစခန်းတွင် တိုင်တန်းခဲ့ သဖြင့် ယခုလ (၂၁) ရက်နေ့တွင် မောင်......အား (ပ) ၁၀/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၇၆/၃၆၆ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း တိုင်းရဲတပ်ဖွဲ့  မှူးရုံး မှုခင်းမှတ်တမ်းများ အရ သိရသည်။

လင်းလင်းမော

Tuesday, January 20, 2015

မာနမဲ့စွာ

ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။

မောင်စိန်ဝင်း(ပုတီးကုန်း)

Posted via Blogaway


Posted via Blogaway

အချစ်ကဗျာတစ်ပုဒ်

တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။ 

မောင်စိန်ဝင်း(ပုတီးကုန်း)


Posted via Blogaway

အညာသားရဲရင်ဖွင့်သံ

သည်မှာ အမိ......ေိေိ ဆိုတဲံအထာတွေနဲ့
မထိတထိတော့ လာမလုပ်နဲ့.....
ကျုပ်နှလုံးသားက Net မဟုတ်သလို
ကျုပ်ရင်ဘတ်ကလည်းး Screen မဟုတ်ဘူး
Chatting သုံးတဲ့ စကားလုံးတွေနဲ့
အညာသားနှလုံးသား ဆွေးသွားမယ် မထင်နဲ့
Online မှာ အီစီကလီနဲ့...အဟိအဟိနဲ့
အညာသားတော့ လာမဟိနဲ့နော်
Online မှာ သရော်သလိုလိုနဲ့ ...တ..ငိ...ငိ...နဲ့
အညာသားကို လာမရိနဲ့.....
Online မှာ ရင်ခုန် သလိုလိုဆိုတဲ့.... တိန်...ဆိုတဲ့ အထာ နဲ့
အညာသားတော့ လာလာ မလိမ်နဲ့
ကျုပ်က အညာသားးးးးးးးးးး
မကိုးကားးးးး တတ်ဘူးးးးးးးးးး
ရိုးသားစွာပြောတတ်တယ်.......
အမိကို ကျုပ် ချစ်တယ်......
အညာသား အသဲ လာခွဲဖို့တော့ မကြံနဲ့.....
ခဏခဏ Heart ထိလို့...ကျုပ်လေ....
မှတ်မိနေပြီ....မြို့ကြီးးသူ အမိတို့ရေ....


Posted via Blogaway

★မပြောဖြစ်လိုက်သော စကားတခွန်း ♪♫

ငါ့အိမ်မက်ကိုမင်းခံစားလညှ့်ပါ
ငါ့ကိုတော့မနိုးသွားပါနဲ့
ငါမခံစားနိုင်ဘူး
ဖြစ်နိုင်ရင်တော့အနမ်းလေးထားခဲ့ပါလား
ငါနိုးရင် ရင်ခုန်စေဖို့ပေါ့...၊
တကယ်တော့ငါမသိခဲ့ပါဘူး..
မင်းဟာတိတ်စိတ်စွာထွက်ခွာသွားခဲ့ပြီး
တကယ်ဆိုရင် ငါ မင်းကို....
ချစ်ပါတယ်..ဆိုတဲ့
စကားလေးတစ်ခွန်းပြောသင့်တာပေါ့
ဒါပေမဲ့......
ငါဟာအိမ်မက်ထဲမှဇာတ်ကောင်ဆိုတာ..
မင်းသိခဲ့ရင်......။

                                                    ဇွဲမာန်


Posted via Blogaway

ပြန်လာခဲ့ပါ ငါရင်ဆီကို

ပြန်လာလေနိုး ငါမျှော်ကိုးခဲ့
လွန်ခဲ့ရက်ရှည် လတွေချီသို့
သက်ထားချစ်သူ မကြည်ဖြူလို့
မုန်းရက်ပေမယ့် ပြုံးမပျက်ဘဲ
အံခဲကျိတ်ဖြေ ဖြေမပြေဆဲ
ရင်မှာလွမ်းဆဲ တမ်းကျန်ပြီ.......။

ရင်ကိုခြေကန် ထွက်သွားပြန်လည်း
ငါ့ရင်မနာ ခွင့်လွှတ်ပါသည်
တနေ့ပေါ်နိုး သည်စိတ်မျိုးနဲ့
မျှော်ကိုးရက်ရှည် နေ့ရက်တွေမှာ
မဖြေသာလွမ်း သူပြန်လမ်းမှာ
ငေးမောရှုမျှော် ချစ်စိတ်သော်မှ
ငဲ့ကွက်မမြင် ရက်စက်ခြင်ဘိ....။

ဘယ်ရန်စွယ်ငြိုး သည်ဖြစ်မျိုးနဲ့
ကြုံရလေပြီ.....မသိဖွယ်.....။
ဝဠ်ကြွေးဆိုက ကျေပြွန်ရ၍
ခွင့်လွှတ်စေကြောင်း ကိုယ် တောင်းဆုရည်
စိတ်တူကိုယ်ပြု ဘ၀တခုကို
ထူစို့တဖန် ကိုယ်ခွင့်ပန်သည်
ပြန်လာခဲ့ပါ နင်ကန်ခဲ့သည်
ငါ့ရင်ခွင်ဆီ....


Posted via Blogaway

ချစ်....မမ.....သို့

မမ..ရေ..... ဆုံနိုင်ခွင့် တနေရာရောက်ဖို့
မျှော်လင့်ခြင်း ဝေဒနာတွေနဲ့အတူ
ယုယတတ်တဲ့ စကားလုံးများစွာနဲ့
တမ်းတစရာ ကာလရှည်ကိုဖြင့်
နာကျင်စွာ ဖြတ်သန်းရင်း
မ...နဲ့အတူတူ သည်ဘ၀ကို
ဆုံနိုင်ဖို့....... ကြိုးစားနေမည်။

ငြိမ်းချမ်းခြင်း ကမ္ဘာမြေဆီမှ
နွေးထွေးတဲ့ ရင်ခွင်တနေရာမှာ
မောင့်...အတွက် ထာဝရနားခိုဖို့
ကြည်မြမြ အပြုံးတွေနဲ့အတူ
ကမ်းလင့်လို့ ကြိုနေပါ...မ...ရယ်....


Posted via Blogaway

♥♫ online ပေါ်ကချစ်သူ ♥♫

ကောင်မလေး
နင့်ကိုမေးပါရစေ
ကောင်မလေး…။

နင်...ငါ့ကိုမြင်ဖူးခဲ့သလား
နင်...ငါ့ကို ခင်ဖူးခဲ့သလား
နင်...ငါ့နဲ့ ဆုံဖူးခဲ့သလား
ကောင်မလေး ။........။

နင်သိအောင်ပြောပြမယ်
ငါ နင့်ကိုအရမ်းခင်သွားပြီ
ငါ တင့်ကိုတွေ့ဖူးခဲ့ရပြီ
ငါ နင့်နဲ့ ဆုံနေဖြစ်ခဲ့ပြီ
ကောင်မလေး။..........။
နင်သိလား
ငါ နင့်ကို ချစ်နေမိတာ

ငါ နင်နဲ့နေ့တိုင်းတွေ့နေခြင်ခဲ့တာ

ငါ နင်နဲ့စကားတွေပြောနေခြင်ခဲ့တာ

ငါ နင့်ဆီအပြေးလာခြင်ခဲ့တာ
ကောင်မလေး။............။
ဘာတွေတွေးနေလဲ....

ဒါဟာအိမ်မက်မဟုတ်တဲ့
တကယ့်ဖြစ်ရပ်အမှန်တွေပါနော်
ဆန်းကြယ်စွာတီထွင်ထားတဲ့
နည်းပညာရှင်တွေရဲ့ ကျေးဇူးကြောင့်ပေါ့
ကောင်မလေး။.........။
ရင်ထဲကအရှိကိုပြောမယ်
နင့်ကို သိပ်ချစ်မိခဲ့တယ်
ကောင်မလေး…။

နင်ဟာငါ့ရဲ့...

online ပေါ်က ချစ်ခဲ့ရသူပါ...။
ဒီပဲယင်းသားလေး
            အောင်အောင်(မကစ)
                 ရင်တွင်းဖြစ်
                11/9/2011


Posted via Blogaway

♥♫ "သမိုင်းစာမျက်နှာက ဒဏ်ရာများ" ♥

(၁)
သမိုင်းစာမျက်နှာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ဂုတ်ကျိုးအောင် ထမ်းခဲ့ရ
ဘယ်လမ်းက လျှောက်
ဘယ်တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ်ချောက်ချား နေခဲ့ပြီ။

(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာကြားရ
ဘယ်နားကမှန်း ငါမသိ
တုံးပိတဲ့ဖား မြုံးမိတဲ့ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရောထင့်။
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကျောက်လို့ ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုးကြုံ
အဆိုးမျိုး စုံခဲ့ပြီ။
မနုဿ ဘုံပေမို့
ဒုက္ခတွေ စုံရော့သလားကွယ်ရို့။

(၃)
တယောက်နဲ့အများ
တယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင်စနစ်ပဲ။
ဒီ အာဏာရှင်စနစ်ဆိုးကို
ငါ မရှိခိုးနိုင်။
လက်နက်တကားကား
ရက်စက်သလား မမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ် ဖောက်ကြတယ်။
ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။
လိမ်လုံးညာလုံးတွေကို ငါ အင်မတန်မုန်းတယ်
ငါ အရှုံး မပေးနိုင်။
စစ်အာဏာရှင်သေနတ်ကို ကြောက်လို့
ငါတို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။
ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။
အရူးငပေါက်တွေကို
ဒူးမထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
ဒင်းတို့တတွေ သွေးပျက်မယ်။

ရှေ့တက်ကြဟေ့
တလက်မမျှ နောက်မဆုတ်ကြနဲ့
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။

(၄)
လက်နက်နဲ့လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဘုံးဘုံးလဲရရင်
သမိုင်းစာမျက်နှာမှာ
အရိုင်းဒဏ်ရာတွေ ပါရော့မယ်
အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှ မခါး
အမှန်ဟာ ဘယ်တော့မှ မမှား
တရားသည်သာ ဓား
ကိုယ့်အားကို ယုံကြည်
ဒီမိုကရေစီ တံခါးဖွင့်ရင်း
တရားနှင့် စောင့်မယ်။ ။

ဆရာတင်မိုး(ဒီဇင်ဘာလ ၂၆ ရက် ၁၉၈၈)
Ref: wanna23-23.blogspot.com
                   ဘုန်းကြီးကျောင်းသား


Posted via Blogaway

♥♫ "သမိုင်းစာမျက်နှာက ဒဏ်ရာများ" ♥

(၁)
သမိုင်းစာမျက်နှာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ဂုတ်ကျိုးအောင် ထမ်းခဲ့ရ
ဘယ်လမ်းက လျှောက်
ဘယ်တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ်ချောက်ချား နေခဲ့ပြီ။

(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာကြားရ
ဘယ်နားကမှန်း ငါမသိ
တုံးပိတဲ့ဖား မြုံးမိတဲ့ငါးပမာ
ရုန်းကြည့်တဲ့ အားလည်း
နုံးချိလို့ သွားရောထင့်။
တရားတွေ ပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကျောက်လို့ ရှင်ကြီးကိုး
ရှင်ကြီးကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုးကြုံ
အဆိုးမျိုး စုံခဲ့ပြီ။
မနုဿ ဘုံပေမို့
ဒုက္ခတွေ စုံရော့သလားကွယ်ရို့။

(၃)
တယောက်နဲ့အများ
တယောက်က ဓားနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင်စနစ်ပဲ။
ဒီ အာဏာရှင်စနစ်ဆိုးကို
ငါ မရှိခိုးနိုင်။
လက်နက်တကားကား
ရက်စက်သလား မမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်းကြီး မြောင်းငယ် ဖောက်ကြတယ်။
ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။
လိမ်လုံးညာလုံးတွေကို ငါ အင်မတန်မုန်းတယ်
ငါ အရှုံး မပေးနိုင်။
စစ်အာဏာရှင်သေနတ်ကို ကြောက်လို့
ငါတို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။
ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။
အရူးငပေါက်တွေကို
ဒူးမထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီး
ရဲရဲကြီး ရှေ့တက်ရင်
ဒင်းတို့တတွေ သွေးပျက်မယ်။

ရှေ့တက်ကြဟေ့
တလက်မမျှ နောက်မဆုတ်ကြနဲ့
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။

(၄)
လက်နက်နဲ့လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဘုံးဘုံးလဲရရင်
သမိုင်းစာမျက်နှာမှာ
အရိုင်းဒဏ်ရာတွေ ပါရော့မယ်
အမှန်ဟာ အင်အား
အချိုဟာ ဘယ်တော့မှ မခါး
အမှန်ဟာ ဘယ်တော့မှ မမှား
တရားသည်သာ ဓား
ကိုယ့်အားကို ယုံကြည်
ဒီမိုကရေစီ တံခါးဖွင့်ရင်း
တရားနှင့် စောင့်မယ်။ ။

ဆရာတင်မိုး(ဒီဇင်ဘာလ ၂၆ ရက် ၁၉၈၈)
Ref: wanna23-23.blogspot.com
                   ဘုန်းကြီးကျောင်းသား


Posted via Blogaway

Monday, January 19, 2015

ဒို့တိုင်ပြည့်

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ၊ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှို့းညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း ။

Posted via Blogaway


Posted via Blogaway

♥♫ ချန်ခဲ့လည်း ချစ်နေဆဲ ♥♫

ကြင်နာသူ..............
အချက်မပေး တိတ်တိတ်လေးဘဲ
အိမ်မက်လေးထဲ တိုးဝှေ့ဝင်လာ
ရင်မှာလှိုက်ဖို ချစ်စိတ်ပိုလို့
ဖိတ်ယိုကာစီး အချစ်မီတို့
ထီးထီးတောက်လောင် အရှိန်ဟုန်မြင့်
သံယောဇဉ်ဖြင့် တင်းပတ်ရစ်တွယ်
ချစ်တယ်ဆိုမှ.....အိမ်မက်လန့်နိုး
အဖြစ်မျိုးနဲ့.......ကြုံရပြီကွယ်.......
စိမ်းလေသူ လုပ်ရက်ပေမဲ့....
နိုးတ၀က် အိမ်မက်တွေမှာ
ချစ်စိတ်အဟုန် တိုးမြင့်ကာဘဲ
မင်းအတွက် အပြုံးမပြက်တဲ့
နှစ်သက်သက် ချစ်လျှက်ပါအမြဲ
ကြင်နာသူ ရင်ကိုခွဲ
ဆယ်ခါပြန် ထားခဲ့လဲ
ချစ်မြဲ....ချစ်ဆဲ....ချစ်နေဆဲပါ..............

သည်ကဗျာလေးကို....ချစ်သူက ချန်ခဲ့လို့ တမ်းတမ်းတတ သံယောဇဉ်မပြတ်
ချစ်လျှက်ရှိနေတတ်တဲ့ အချစ်သမားများအတွက် ရည်ရွယ်ဖွဲ့ဆိုပါသည်:::::::::::::::::::::::::::::::::::::;

Posted via Blogaway


Posted via Blogaway

ဝေ (မောင်စိန်းဝင်)

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။


Posted via Blogaway

~~~~ပါးချိုင့်ကလေး~~~~

ပုံးလျှင်ပါးခွက် ၊ မျက်ဝန်းနက်နှင့်
ရှက်တတ်လေသော ချစ်သူ ခင် ။....။

မောင့်နှင့်တွေ့ စဉ် ၊ ဝေ့လည်မျက်ဝန်း
မြရည်ရွှန်းကာ ၊ ခွန်းနှုတ်တစ်ရာ
စကားထာလည်း ၊ ဝတ်လွှာလေးလို နူးညံ့သည်။....။

နုညက်မွတ်စင် ၊ သူ့ ပါးပြင်ကို
ညင်ညင်ဖွဖွ ၊ ရွရွကလေး
မွှေးမွှေးပေးတော့ ၊ ရှက်သွေးစို့ စို့ 
ပါးမို့ မို့ မှာ ၊ ပြုံးလို့ ပါးချိုင့်ပေါ်လာမြဲ ။....။

မောင့်ချစ်သူငဲ့
ဟိုလူကမွှေး ၊ သည်လူမွှေးနှင့်
နုထွေးနီမြန်း ၊ ပါးနှစ်ခြမ်းမှာ
အနမ်းခြေရာ ၊ ထင်ခဲ့တာလား
ပြန်စဉ်းစားမှ ၊ ပါးပြင်နုညက်
ချိုင့်၍ခွက်အောင်
မျက်နှာများခဲ့လေသလား။....။

မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာ ရတနာ ကဗျာစာအုပ်မှ..........

Posted via Blogaway


Posted via Blogaway

Sunday, January 18, 2015

ကျွန်တော်မြေ

ပန်းပွင့်ကို ကျွန်တော်မင်၊

ပန်းပင်ကို ကျွန်တော်ပျိုး။

ထုံနံ့သာ ငုံကာဖူးခါမှ၊

လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊

အပင်ကို ကျွန်တော်ပျိုး။

သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊

လက်ဦးသူ .. ခိုး။

ပန်းအလှ ကျွန်တော်မင်၊

ပန်းပင်ကို ကျွန်တော်ပျိုး။

ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့၊

ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်၊

အချိုပင် ကျွန်တော်ပျိုး။

သီးချိန်တန် တမာပျားလို၊

ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်၊

ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု၊

ကံနည်းသူ ကျွန်တော်မို့၊

တော်သလိုပွင့်၊

သင့်သလိုဖူး၊

လက်ဦးသူ ချိုးချိုး၊

မြတ်နိုးသူ ပန်ပန်၊

ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊

ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊

ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊

ရင်ထိတ်တကား။

မောင်စိန်ဝင်း(ပုတီးကုန်း)


Posted via Blogaway

****အချစ်ဦ****

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။

မောင်စိန်းဝင်

Posted via Blogaway


Posted via Blogaway

♥♫ တို့ပြည်ထောင်စု ( မင်းယုဝေ ) ♥

အောက်မြို့ အောက်ရွာ၊
မြစ်ချောင်းဖြာ၍
စိမ်းဝါလယ်ကွင်း၊
မိုးနံ့သင်းသည် ရှုခင်းလှပါပေသည်တကား..။
အထက်အညာ၊ နေခြည်ဖြာ၍
တောင်ယာခင်းပြန့်၊
ထနောင်းနံ့နှင့် သင်းပျံ့ပါပေသည်တကား..။

ရှမ်း၊ ချင်း၊ ကချင်
တောင်တန်းတွင်လည်း
နှင်းရွှင်ပက်ဖျန်း၊
ထင်းရှူးတန်းနှင့် တင့်ဆန်းပါပေသည်တကား..။
ကယား၊ ကရင်၊
စမ်းရေလျဉ်နှင့် မြသွင်သစ်တော၊
အလှနှောသည် သာမောဖွယ်ပါတကား..။
မွန်၊ တနင်္သာရီ၊ ရခိုင်ဆီတွင်
ပင်လယ်လှိုင်းတေး၊
လေချိုသွေးသည် ငြိမ်းအေးပါပေသည်တကား..။
တို့ပြည်တို့ရွာ၊
အနှံ့သာပင် နေရာတကာ၊
အလှဖြာတည့် ညီညာပေါင်းစု၊
ပြည်ထောင်စုတည့် အထုခိုင်မာ၊ တည်နေပါ၏
တို့မှာချစ်ရ၊ မြတ်နိုးရ၍ အလှတင့်ဆန်း၊
ငြိမ်းချမ်းပန်းလျှင် ကြိုင်လန်း မွှေးကြူ ပါစေသတည်း..။

Posted via Blogaway


Posted via Blogaway

♥♫ ဗိုလ်ချုပ်အောင်ဆန်း ♥♫

မသိ၍ဆို၊
မလို၍ပြော။
သူ့စိတ်မှာအလွန်ယဉ်လို့ ၊
သူ့ဥာဉ်မှာ အလွန်သန့်တယ်၊
ထူးချွန့်သဘော။ ။

မသိ၍ထင်၊
မမြင်၍ပြော။
သူ့ဝိညာဉ် မသေပျောက်ပါဘူး ၊
ိမိုးပေါက်လို့ အစဉ်ကြည်လို့၊
နေခြည်လို့ အစဉ်လန်းကာ၊
ဖျန်းဆွတ်စိတ်စော ။ ။

ဗိုလ်ချုပ်အောင်ဆန်း ( မင်းသုဝဏ် )

( အတိတ်နှင့် ပစ္စုပ္ပန် )


Posted via Blogaway

♥♫ ပန်းပန်လျက်ပဲ ( ဇော်ဂျီ ) ♥♫

ညိုပြာပြာ လတာပြင့် ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ။
အဆင်းနဲ့အလာ ဗေဒါမ-အထွေး
အုန်းလက်ကြွေ သူ့နံဘေး
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ပေါ်မလာ မဗေဒါ-အလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်ထဲ(တည်း)။
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပ။ဲ

Posted via Blogaway


Posted via Blogaway

♥♫မယ့်လမ်းပါလား ( ဆရာဇော်ဂျီ ) ♥♫

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။
အိုအချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်မယ် ပြင်။
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း။
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။
တွေ့ချင်တဲ့ စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါ့လား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့ အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို၊ ပြုံးကြည့်ချင်ငဲ့ တဲ့။
ကြည့်ချင်တဲ့ စေတနာရယ်။
သနားဖွယ် ချစ်ဖွယ်တေးပေမို့ အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို၊ ပျိုနယ် လိုက်လေမလား။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား။
နေမင်း ညိုချိန်တန်ပေါ့
နိဗ္ဗာန်ကို စိတ်ကြံကူး၊ ဖူးချင်လျက်သား တဲ့။
ဖူးချင်တဲ့ စေတနာရယ်။
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်၊
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့ အရ။
ပွင့်ဖူး တဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေက ဖောင်၊ တောင်လေက သွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊ အားစိုက်ပါလေး။

Posted via Blogaway


Posted via Blogaway

 

Copyright @ 2013 dahatchauk.