ပုံးလျှင်ပါးခွက် ၊ မျက်ဝန်းနက်နှင့်
ရှက်တတ်လေသော ချစ်သူ ခင် ။....။
မောင့်နှင့်တွေ့ စဉ် ၊ ဝေ့လည်မျက်ဝန်း
မြရည်ရွှန်းကာ ၊ ခွန်းနှုတ်တစ်ရာ
စကားထာလည်း ၊ ဝတ်လွှာလေးလို နူးညံ့သည်။....။
နုညက်မွတ်စင် ၊ သူ့ ပါးပြင်ကို
ညင်ညင်ဖွဖွ ၊ ရွရွကလေး
မွှေးမွှေးပေးတော့ ၊ ရှက်သွေးစို့ စို့ 
ပါးမို့ မို့ မှာ ၊ ပြုံးလို့ ပါးချိုင့်ပေါ်လာမြဲ ။....။
မောင့်ချစ်သူငဲ့
ဟိုလူကမွှေး ၊ သည်လူမွှေးနှင့်
နုထွေးနီမြန်း ၊ ပါးနှစ်ခြမ်းမှာ
အနမ်းခြေရာ ၊ ထင်ခဲ့တာလား
ပြန်စဉ်းစားမှ ၊ ပါးပြင်နုညက်
ချိုင့်၍ခွက်အောင်
မျက်နှာများခဲ့လေသလား။....။
မောင်စိန်ဝင်း(ပုတီးကုန်း)
သောကခြေရာ ရတနာ ကဗျာစာအုပ်မှ..........
Posted via Blogaway
0 comments:
Post a Comment